Memento Archive

ဝင်္ကပါထဲက လူသားတစ်ယောက်၏ စိတ်လေရာတွေးခေါ်မှုများ

ကမ္ဘာမကြေဘူး၊ အခဲမကျေဘူးဆိုပြီး ဘယ်လောက်ပင် အာခေါင်ခြစ်ပြီး ပြောပိုင်ခွင့်ရနေရနေ ကြားမှာ ထိခိုက်နစ်နာဆုံးက ဟော့ဒီလူထုပဲ မဟုတ်လား။ ပေးဆပ်လိုက်ရတာများ ကုန်းကောက်စရာတောင် မရှိတဲ့ဘဝတွေ ဖြစ်ကုန်ပြီလေ။

ကိုယ့်ကိုကိုယ် တော်တော်လူပါးဝပြီးမှ လူမသိသူမသိ ပျောက်ကွယ်သွားမှာတဲ့လား

mro-vector app လုပ်ပြီးရင် facebook လူမှုကွန်ရက်ပေါ်ကနေ လူမသိသူမသိ ပျောက်ကွယ်သွားတော့မလို့ပဲ။ ဆုံးလည်း ဆုံးဖြတ်ပြီးပြီ။ တစ်နှစ်လည်း ဖြစ်နိုင်တယ်။ သုံးနှစ်လည်း ဖြစ်နိုင်တယ်။ အဲ့ထက်ပိုပြီးလည်း ဖြစ်နိုင်တယ်။

ဂျစ်ကန်ကန် ကျောင်းသားတစ်ယောက်နှင့် ဆရာမတစ်ယောက်၏ မေတ္တာ

လူတစ်ယောက်ဟာ သူ့ပတ်ပတ်လည်မှာ aura ဖြစ်ချင်ရင် တခြားလူတွေရဲ့ လားရာနဲ့ဆန့်ကျင်ပြီး ကန့်လန့်တိုက်နေပေးဖို့လိုတယ်။ အဲ့လိုလူမျိုးဟာ ပိုဆွဲဆောင်မှုရှိတယ်ဆိုတာ ကိုယ်မြင်ဖူးတာကိုး။

ဘဝကိုတန်အောင် ဘယ်လိုနေမလဲဆိုတဲ့ မေးခွန်းက ကိုယ့်ခေါင်းထဲ တိုးတိုးတိတ်တိတ် ဝင်လာတယ်

ကိုယ့်ရဲ့အသိဉာဏ် အသိုက်အမြုံတွေ ခဏခဏ ပြိုကွဲဖူးတယ်။ အတွေးခေါ်ခံယူချက် ခြေထောက်တွေ ယိုင်လဲဖူးတယ်လို့ပဲ မှတ်ကြပါ။ အဲ့တော့ ဘဝမှာ ဖြစ်ပျက်နေတာတွေကလည်း ကိုးရိုးကားရားတွေချည်းပဲ။

မိသားစုဆိုတာဟာလည်း ကိုယ့်ရဲ့ northern star တစ်ခုပဲ

ဖေဖော်ဝါရီဆယ်ရက်နေ့က အဖေအမေတို့နဲ့ အဆက်အသွယ်ပြန်ရတယ်။ ဒီတစ်ခါ ရှေ့အခေါက်တွေတုန်းကလို တော်တော်ဝေးတဲ့နေရာတစ်ခုကို ဆိုင်ကယ်နဲ့သွား၊ ပိုက်ဆံအများကြီးပေးရပြီး telecom operator နဲ့ ခေါ်တာမဟုတ်။ ပုံမှန်ဆို သူတို့ဘက်က ကိုယ့်ကိုခေါ်မှ အဆင်ပြေတာ။

ကိုယ််စီတစ်ယောက််တစ်နေရာဖြစ်နေကြတဲ့ မွေးချင်းမောင််နှမတွေ အဆက်သွယ်ပြန်ရကြရင်

မိသားစုအသိုက်အမြုံ၊ မွေးချင်းမောင်နှမတွေဆိုတာ ကိုယ့်အတွက် အီမိုရှင်နယ်အရရော၊ မန်တယ်လ်အရပါ support အပေးနိုင်ဆုံး ရပ်ဝန်းတွေပဲလေ။ ဒီရက်ပိုင်းအတွင်းမှာပဲ ညီမလေးနဲ့ အဆက်အသွယ်ရလို့ အရမ်းလည်း ဝမ်းသာသွားရတယ်။

ရေစက်မကုန်သေးတဲ့ နေ့ရက်မြတ်လေးတစ်ရက်

ဒီနေ့လေးတော့ ပေါ့ပေါ့ပါးပါးပါပဲ။ မနက်က service အပ်ထားခဲ့တာဆိုတော့ ပြန်သွားယူဖို့ပဲ ကျန်တော့တယ်။ ဒီနေ့လည်း သူနဲ့ထပ်တွေ့ရပါ့မလားလို့ စိတ်ထဲကတော့ တိတ်တခိုးတောင်းဆိုမိတာ အမှန်ပဲ။ မနေ့ကတည်းက သူပြောရှာပါတယ်။ ညနေခြောက်နာရီ MacBook လာယူနိုင်ပါပြီလို့လေ။

ညီမလေးအတွက် စိတ်ရှိသလောက် ဘာမှလုပ်မပေးနိုင်တဲ့ အခြေအနေကို ဆိုက်ရောက်

ဒီနောက်ပိုင်းတွေမှာ အလိုမကျဖြစ်ရင် မိသားစုအကြောင်းပဲ ဖြစ်တာများတယ်။ ထရော်မာရတဲ့အထိတောင် ဖြစ်ရတယ်။ ဒီမနက်က အိပ်မက်ဆိုးမက်ရင်း နိုးလာတယ်။ အသက်နှစ်ဆယ်စွန်းလာသည့်တိုင် ဘဝမှာ ပူဆွေးသောကရောက်ရတဲ့ အိပ်မက်ဆိုးတွေ မရှိခဲ့ဆိုသလိုပါပဲ။

Subscribe to My Newsletter

Occasional updates on projects, articles, and learning experiences.