အမှောင်ဟာ ဒုံးဝေးနေချိန် စစ်မှန်တဲ့အလင်းဟာ အတ္တကင်းမဲ့။ ဉာဏ်ရည်ဟာ လူမမှီဘူး။ ကြယ်တံခွန်လို လည်ပတ်ဆဲ။

အမှောင်ဟာ ဒုံးဝေးနေချိန် စစ်မှန်တဲ့အလင်းဟာ အတ္တကင်းမဲ့။ ဉာဏ်ရည်ဟာ လူမမှီဘူး။ ကြယ်တံခွန်လို လည်ပတ်ဆဲ။ သင်ကိုယ်တိုင် မြင်ယောင်ကြည့်ပါလား။ အို အဖြူရောင်အလင်းတန်းများ ခမ်းနားလှချည်ရဲ့။ အလင်းဟာ သေဆုံးတတ်သည့်အလား။ လူသားဟာ ဒေါနဲ့မောနဲ့ အန်တုဆန့်ကျင်လျက်။ ခေတ်စနစ်တိုင်းမှာ ဘာသာရေးတံတိုင်းဟာ ထန်ချင်းတိုင်းထန်နေတာ။ ဒါဟာ သူတို့ပြောပြတဲ့ dispensation ကာလများ။ ဦးနှောက်ကို ရှင်ရှင်လတ်လတ် တံခါးဖွင့်ထား။ လူပြိန်းကြိုက် ရေခဲရိုက်ပြီး မဆေးကြောလိုက်နဲ့။
Skepticism ဟာ ငါ၏သွေးလွှတ်ကြောမထဲ စူးစူးနစ်နစ် ဝင်ရောက်စွက်ဖက်။ ဆတ််ဆတ်တုန်ခါနေတဲ့ နှလုံးသွေးပြန်ကြောများ ရူးခံနေလိုက်တော့။ ပညာဟာ မဖူလှုံတော့ အတွေးအခေါ်ဟာ ဆင်းရဲထိုက်တယ်။ ထိုသူမှာ လူသူကင်းမဲ့တဲ့ နေပတ်လမ်းမပေါ် accident အကြိမ်ကြိမ်ဖြစ်ပွား။ ဒါဟာ ငါ၏အဇ္စျတ္တ ငါ့အမှားမဟုတ်။ အတ္တနောမတိကြောင့်လည်း မဟုတ်။ မလုံလောက်သေးတဲ့ ဒါဝင်သက်သေတွေအား အသိအမှတ်မပြုခြင်းလည်း မဟုတ်ရ။ တိတ်ဆိတ်ခြင်းတစ်နေရာက စူစူးဝါးဝါး သက်ဝင်လှုပ်နှိုးသံ။
သူတို့ဆိုဆုံးမတဲ့ အယူဝါဒမှာ ရိုသေရမယ်။ ဆောက်နဲ့ထွင်းလို့သာ နွယ်စဥ်အဆက်ဆက် ပီပြင်လာခဲ့။ သံလွင်ဆီဖြင့် ခပ်ပါးပါး သုတ်လိမ့်လိုက်ရင် ရာဇဝင်ဟာ ပိရိနေဆဲ။ သင် သတိကော့ထားမိရဲ့လား။ Chaos theory ဟာ အတိတ်နမိတ်ဟောမဟုတ်။ ဘုရားသခင်ပြောတဲ့ rapture ကာလမဟုတ်။ လူလူချင်းသာ သိမ်းဆည်းပါစေ။ လူသားဟာ သွေးရူးသွေးတန်းမဖြစ်ဘဲ စိတ်ချက်လက်ချ မမှိတ်မသုန် ဆက်သွားနေမြဲ။ God ဆိုတဲ့အဓိပ္ပါယ်ကို သင်သိလိုလား။ ကြောက်စရာ တဆင့်ထူးလူသားမှန်ရင် အငုံစိတ်နဲ့ နှိပ်စက်တတ်တဲ့ immoral objection။ အဆုံး၌ လူစီဖာသည် ပြည်နင်ဒဏ်ပေးခံရသတဲ့။ သနားစရာ လူစီဖာ။
ရှေ့မိုးကုတ်စက်ဝန်းလွန်ရင် မိမိကိုယ်ကိုခွဲခြားသိမြင်ခြင်း ဆိုင်းဘုတ်ကပ်ထားတဲ့ အဖြူရောင်နယ်စပ်ရှိတယ်။ ငါသွားတိုင်း dolomite တောင်တန်းတွေက လောကွတ်ကောင်းပြီး အမြဲလက်ကမ်းကြိုကြတယ်။ ရာဇသံပေးမျိုးတာမရှိ၊ အမိန့်ပေးသိမ်းသွင်းတာမရှိ။ သွေးဆောင်ဖြားယောင်းခြင်းဆိုရင် ကန္တာရလို ခြောက်သွေ့စင်တယ်။ တံခါးစောင့်က ssh private key ပါလား မေးတယ်။ မပါရင် ခင်ဗျားကိုခင်ဗျား မှိုင်းတိုက်အနာတရဒဏ်တွေကို သင်ပုန်းချေပြီးမှ ပြန်လာတဲ့။ SSH connection success. ဦးနှောက်ဆဲလ်တွေ အပျိုစင်ဖြစ်နေဆဲကာလမှာ အတွေးအခေါ်နယ်မြေသစ်တွေကို ကျူးကျော်ပစ်လိုက်စမ်း။